• M-ပိုက်ဆံစတင်အသုံးပြုခြင်း

M-ပိုက်ဆံဆိုတာဘာလဲ

M-ပိုက်ဆံဆိုတာ သင့်ရဲ့ငွေကြေးကိစ္စများကို လုံခြုံစိတ်ချစွာ အလွယ်တကူစီမံခန့်ခွဲနိုင်မည့် အူရီဒူး၏မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ M-ပိုက်ဆံတွင် ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ငွေပေးချေခြင်းများကို သင့်အူရီဒူးဖုန်းနံပါတ်ကို အသုံးပြုပြီး နေရာမရွေး၊ အချိန်မရွေး ချက်ချင်းမြန်မြန် ငွေလွဲ၊ ငွေထုတ်နိုင်ပါပြီ။

M-ပိုက်ဆံ၏ အကျိုးကျေးဇူးများ

M-ပိုက်ဆံသည် သင့်ကိုယ်ပိုင် ပိုက်ဆံအိတ်ကဲ့သို့ ကိုယ်နှင့်မကွာ အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် Mobile Wallet ဖြစ်သည်။ M-ပိုက်ဆံကို အသုံးပြုပြီး မြန်မာနိုင်ငံအနှံ့အပြားသို့ အချိန်မရွေး၊ နေရာမရွေး ချက်ချင်း ငွေလွှဲနိုင်၊ ငွေပေးချေနိုင်ပါပြီ။

M-ပိုက်ဆံကို ဘယ်သူတွေအသုံးပြုနိုင်သလဲ

M-ပိုက်ဆံဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းအသုံးပြုသူ မည်သူမဆို အသုံးပြုနိုင်ပါသည်။ သင့်ရဲ့ အူရီဒူးမိုဘိုင်းဖုန်းနံပါတ်ကို အသုံးပြုပြီး M-ပိုက်ဆံတွင် စာရင်းသွင်းပြီးသည်နှင့် တစ်ပြိုင်နက် သင့်ကိုယ်ပိုင် မိုဘိုင်းပိုက်ဆံအိတ် ကိုဖန်တီးပြီး M-ပိုက်ဆံဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ (သို့မဟုတ်) မိုဘိုင်းဖုန်းသုံးစွဲသူ မည်သူမဆို အူရီဒူး၏ M-ပိုက်ဆံကိုယ်စားလှယ်ဆိုင်သို့ သွားရောက်ပြီး ငွေလွှဲခြင်းကို ဆောင်ရွက်နိုင်ပါသည်။

M-ပိုက်ဆံ Wallet ဆိုတာဘာလဲ

M-ပိုက်ဆံ Wallet ဆိုတာ သင်တို့နေ့စဉ်ကိုယ်နဲ့မကွာ သယ်ဆောင်သွားတတ်တဲ့ လက်ကိုင်အိတ်ကဲ့သို့ အသုံးပြုနိုင်တဲ့ မိုဘိုင်းဒစ်ဂျစ်တယ်ပိုက်ဆံအိတ် တစ်ခုဖြစ်ပါတယ်။ M-ပိုက်ဆံမှာ သင်စာရင်းသွင်းလိုက်တာနဲ့တစ်ပြိုင်နက် မိုဘိုင်းဒစ်ဂျစ်တယ် ပိုက်ဆံအိတ် ကိုစတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သင့် M-ပိုက်ဆံ Wallet ကိုအသုံးပြုပြီး ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်ခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ M-ပိုက်ဆံတွင် သင်၏လုပ်ဆောင်မှုများ အားလုံးကို သင့်ကိုယ်ပိုင် လျှို့ဝှက် PIN နံပါတ်ဖြင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။

M-ပိုက်ဆံ ကိုယ်စားလှယ်ဆိုတာ ဘယ်သူတွေလဲ

M-ပိုက်ဆံ ကိုယ်စားလှယ်ဆိုတာ အူရီဒူးမြန်မာ ကိုယ်စား သုံးစွဲသူများကို မိုဘိုင်း ငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမဲ့သူများ ဖြစ်ပါတယ်။ M-ပိုက်ဆံဝန်ဆောင်မှုများကို သင်နှင့်နီးစပ်ရာ မည်သည့် M-ပိုက်ဆံကိုယ်စားလှယ်တွင် မဆို ရယူနိုင်ပါသည်။

M-ပိုက်ဆံမှာ ဘယ်လိုစာရင်းသွင်းမလဲ

သင်သုံးစွဲနေတဲ့ အူရီဒူး ဆင်းကဒ်ကို အသုံးပြုပြီး M-ပိုက်ဆံတွင် အလွယ်တကူစာရင်းသွင်းနိုင်ပါသည်။ စာရင်းသွင်းရန် M-ပိုက်ဆံ Application ကို Google Play နှင့် Apple Store တို့မှ download ရယူပါ (သို့မဟုတ်) USSD *999# ကိုခေါ်ဆိုပြီးလည်း စာရင်းသွင်းနိုင်ပါသည်။

Application အားရယူရန်

   

M-ပိုက်ဆံအကောင့်ကို ဘယ်လိုငွေဖြည့်ရမလဲ

သင့် M-ပိုက်ဆံ Wallet သို့ ငွေဖြည့်သွင်းရန် နီးစပ်ရာ M-ပိုက်ဆံကိုယ်စားလှယ်ထံသို့ သွားရောက်နိုင်ပါသည်။ သင့်မိုဘိုင်းဖုန်းနှင့်တကွ NRC ကဒ်ကိုပါ တစ်ပါတည်းယူဆောင်သွားပြီး ငွေဖြည့်သွင်းခြင်းကို လုပ်ဆောင်နိုင်ပါသည်။ M-ပိုက်ဆံ Application ပေါ်မှ “ကိုယ်စားလှယ်ရှာဖွေရန်” ကို အသုံးပြု၍သော်လည်းကောင်း၊ USSD short code *999# ကိုခေါ်ဆို၍သော်လည်းကောင်း ရှာဖွေနိုင်ပါသည်။

menu

ဝေမျှရန်။

Ooredoo မြန်မာ၏နောက်ဆုံးရသတင်းများ။


သတင်းထုတ်ပြန်ချက်များအတွက် စာရင်းသွင်းရန်

နောက်ဆုံးပေါ် အရောင်းမြှင့်တင်မှုများ၊ မိုဘိုင်းပစ္စည်းများနဲ့ သတင်းများနဲ့ မျက်ချေမပြတ်ရှိရအောင်။